ရည်မှန်းချက်
ဦးတည်ချက်
- KBZSC သည် ဘဏ္ဍာရေးအကြံပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် မိမိ client များ၏ ဦးတည်ချက်များကို အပြည့်အ၀ ဆောင်ရွက် ဖြည့်တင်းပေးရန် အဓိကဦးစားပေးသည်။
ကျွမ်းကျင်မှု
- နှစ်ရှည်မတည် ရင်းနှီးငွေ ရနိုင်သည့် ဈေးကွက် (Capital Markets) များတွင် ကျယ်ပျံ့သော အတွေ့အကြုံ ရရှိပြီး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသည်။
ရေရှည်ဆက်နွယ်မှု
- မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် client များအား စီးပွားဘက်များအဖြစ် ရေရှည်အတူတကွ လက်တွဲ သွားနိုင်ရန် ရည်ရွယ်သည်။
ကျင့်ဝတ်များ
- သိက္ခာရှိခြင်း
- တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်း
- ဇွဲလုံ့လ ဝီရိယရှိခြင်း
- တိကျမှန်ကန်ခြင်း
ဝန်ဆောင်မှုများ
KBZSC ငွေကြေး သက်သေခံ လုပ်ငန်းသည် ကုမ္ပဏီများ၏ လိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရန် စတော့-ရှယ်ယာ ငွေချေး စာချုပ်များ၊ ရင်းနှီးမြုပ်နှံမှု စာချုပ်စာတမ်းများ အစရှိသည့် လုပ်ငန်းများအား ထဲထဲဝင်ဝင် လုပ်ဆောင်ခြင်း ၊ ကုမ္ပဏီများ၏ စတော့များကို ပထမဆုံးအကြိမ်အဖြစ် အများပြည်သူသို့ ထုတ်ရောင်းချမှု IPO (Initial Public Offering) အတွက် ကြားခံ ဆောင်ရွက်ပေးခြင်း (Stock Broking Services) ၊ ကုမ္ပဏီ၏ ရှယ်ယာ အသစ်များကို အမြောက်အများ ၀ယ်ယူနိုင်မည့် ပုဂ္ဂိုလ်များ အဖွဲ့အစည်း များသို့ ရွေးချယ်၍ ၀ယ်ယူစေရန် ကမ်းလှမ်းပြီး ရောင်းချပေးခြင်း (Share Placements)၊ ကုမ္ပဏီမှ အများပြည်သူသို့ ပထမဆုံး အကြိမ် အစုရှယ်ယာ ရောင်းချပြီးနောက်၊ ဈေးကွက် ပေါ်မူတည်၍ နောက်ထပ် တစ်ကြိမ် ရှယ်ယာများ ထပ်မံ ရောင်းချခြင်း (Follow-On Share Issues) စသည်တို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
- ကုမ္ပဏီ၏ စတော့များကို ပထမဆုံးအကြိမ်အဖြစ် အများပြည်သူများသို့ ထုတ်ရောင်းချခြင်း၊
- ကုမ္ပဏီအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အခြားကုမ္ပဏီ၏ အစုရှယ်ယာများကို ၀ယ်ယူခြင်း၊
- ဘဏ္ဍာရေးအကြံပေးလုပ်ငန်းများနှင့် အကြံဥာဏ်ရယူခြင်းလုပ်ငန်းများ လုပ်ဆောင်ခြင်း၊