KBZSCသည် ကမ္ဘောဇအုပ်စုနှင့် Stirling Coleman Holdings တို့ ဖက်စပ်ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ရန်ကုန်စတော့ဈေးကွက် (Yangon Stock Exchange) နှင့်ပတ်သက်ပြီး ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများအတွက် ငွေကြေးသက်သေခံ သတ်မှတ်ပေးခြင်း (Underwriting)၊ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ (Dealing)၊ တစ်ဆင့်ကြားခံ ဆောင်ရွက်မှုများ (Broking) နှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အကြံပေးခြင်း (Investment Advisory) တို့ကို ပူးပေါင်းဖက်စပ် လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ၂၀၁၅ခု အောက်တိုဘာလ ၇ ရက်နေ့တွင် KBZSC သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုပ်ပေးသော ငွေကြေးသက်သေခံ လုပ်ငန်းလိုင်စင် (Underwriter License) ကို ရရှိခဲ့ပါသည်။