KBZSC Events

S M T W T F S
 
1
 
2
 
3
 
4
 
5
 
6
 
7
 
8
 
9
 
10
 
11
 
12
 
13
 
14
 
15
 
16
 
17
 
18
 
19
 
20
 
21
 
22
 
23
 
24
 
25
 
26
 
27
 
28
 
29
 
30
 
 
 
 
 
Past Event
Next Event

Past Event

စတော့ရှယ်ယာရောင်းဝယ်ခြင်းနှင့် အခြေခံသဘောတရားများ

Thursday, September 8, 2016 -
09:30 to 11:30

နေရာ   - ငွေမိုးဟိုတယ် ၊ မော်လမြိုင်မြို့
နေ့ရက် - 8.9.2016
အချိန်  - 9.30 am to 11:30 am

မော်လမြိုင်မြို့တွင်ကျင်းပမည့် KBZSC ၏ Event အားစိတ်ပါဝင်စားသူများတက်ရောက်လေ့လာနိုင်ပါသည်။
KBZSC trading account ဖွင့်လိုပါက kbz ဘဏ်စာအုပ်နှင့် မှတ်ပုံတင်ယူဆောင်လာပေးပါရန် အသိပေးအပ်ပါသည် ။
ုKBZSC မှ trading specialist များမှဟောပြောဆွေးနွေးပေးမည်ဖြစ်ပါသောကြောင့် မည်သူမဆို လာရောက်လေ့လာဆွေးနွေးနိုင်ပါသည် ။

KBZSCငွေချေး သက်သေခံကုမ္ပဏီမှ စတော့ရှယ်ယာရောင်းဝယ်လိုသူများအား ဖိတ်ခေါ်ခြင်း

Saturday, March 19, 2016 - 09:30 to Monday, March 21, 2016 - 04:30

၁။    မြန်မာနိုင်ငံ၏ပထမဆုံးသော ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာရောင်းဝယ်မှုများကို ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စတင်ဆောင်ရွက်တော့မည်ဖြစ်ရာ ရှေးဦးစွာ FMI ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို စတင်ရောင်းချစေမည်ဖြစ်ပြီး၊ နောင်တွင် အခြားသော စာရင်းဝင် အများပိုင်ကုမ္ပဏီများ၏ အစုရှယ်ယာများကိုလည်း ရောင်းချခွင့်ပြုရန် စီစဉ်ထားလျက်ရှိပါသည်။ 

၂။    သို့ဖြစ်ပါ၍ စတော့ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ရန်အတွက် KBZSC ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ၌ Securities Trading Account လာရောက်ဖွင့်လှစ်ထားသော FMI အစုရှယ်ယာဝင်များသာမက၊ စတော့ရှယ်ယာ အရောင်းအဝယ်ကို စိတ်ပါဝင်စားသူ မည်သူမဆို စတော့ရှယ်ယာ ရောင်းဝယ်ခြင်းနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သော ရောင်းဝယ်မှု အဆင့်ဆင့် အပါအဝင် မိမိတို့ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ရန်အတွက် အောက်ပါအစီအစဉ်အတိုင်း လာရောက်ဆွေးနွေးနိုင်ပါကြောင်း လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ 

        ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ မတ်လ၊ ၁၉ ရက်(စနေနေ့) ၊
                  မတ်လ ၂၁ ရက်(တနင်္လာနေ့)၊ မတ်လ ၂၂ ရက်(အင်္ဂါနေ့)
        အချိန်။ နံနက် ၉း၃၀ မှ ညနေ ၄း၃၀ နာရီအတွင်း။
        နေရာ။  KBZSC ရုံးချုပ်၊ အခန်းအမှတ်(၁၀၅)၊ မြေညီထပ်၊ Strand Square (ယခင်
                   နိုင်ငံတော်ခြောက်ထပ်ရုံး) အမှတ်(၅၃)၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့။

၃။    Securities Trading Account မရှိသေးသော စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူများ အတွက်လည်း KBZSC သို့ လာရောက်စဉ် စာရင်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ပေးထားမည် ဖြစ်သဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ ဘဏ်စာရင်း ဖွင့်လှစ်ထားသည့် ဘဏ်စာအုပ်မူရင်းများ ယူဆောင်လျက် ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ 

KBZ Stirling Coleman Securities မှရန်ကုန်စတော့အိတ်ချိန်းတွင် လုပ်ငန်းများ စတင်ရန် ရှင်းလင်းမိတ်ဆက်ပွဲ

Tuesday, December 15, 2015 - 09:00

VENUE/LOCATION: Sule Shangri-La Hotel ၊ Myanmar Ballroom