Management Team

ဦးအောင်ကိုဝင်း

ဦးအောင်ကိုဝင်း

ဥက္ကဋ္ဌ - ကမ္ဘောဇအုပ်စု

 မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များအနက် တစ်ဦးဖြစ်သည့်
ဦးအောင်ကိုဝင်းသည် ၁၉၉၄ ခုနှစ်မှ စတင်၍ ယနေ့အချိန်အထိ မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် ဖွံ့ဖြိုး တိုးတက်ဆုံး ဖြစ်သည့် ကမ္ဘောဇဘဏ်ကို ပဲ့ကိုင်ဦးဆောင် အောင်မြင်စွာ ထူထောင်နိုင်ခဲ့သူ ဖြစ်သည်။ 

ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းသည် ကမ္ဘောဇ အုပ်စုကိုလည်း ထူထောင်နိုင်ခဲ့ပြီး၊ ယခုအခါ ၀န်ထမ်းအင်အား (၈၀,၀၀၀) ကျော်ဖြင့် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံးသော စီးပွားရေး လုပ်ငန်းရှင်အဖြစ် ရှေ့ဆောင် လမ်းပြလျက် ရှိသည်။ ကမ္ဘောဇအုပ်စု၏ အဓိက ကျသည့် ခံယူချက်မှာ မြန်မာနိုင်ငံနှင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွား တိုးတက်မြင့်မား လာစေရန် ဖြစ်သည်။  

ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းသည် နာယက (ဂုဏ်ထူးဆောင်နာယက ပုဂ္ဂိုလ်) အဖြစ် အောက်ပါ တိုင်းကျိုးပြည်ပြုလုပ်ငန်းများ၊ အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။

  • ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)။ 
  • မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း။
  • မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်။
  • နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း။
  • မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသင်း (ရှမ်းပြည်နယ်)။
  • မြန်မာ - ဂျပန် ချစ်ကြည်ရေးအသင်း။

ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌဦးအောင်ကိုဝင်းသည် World Economic Forum ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ 

ဒေါ်နန်းခမ်းနောင့်

ဒေါ်နန်းခမ်းနောင့်

အမှုဆောင်ဒါရိုက်တာ - ကမ္ဘောဇအုပ်စု

 ဒေါ်နန်းခမ်းနောင့်သည် ကမ္ဘောဇအုပ်စု (KBZ Group) ၏ အမှုဆောင် ဒါရိုက်တာတစ်ဦး ဖြစ်ရုံမျှမက၊ ကမ္ဘောဇဘဏ် လီမိတက် (KBZ Bank) ၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်၍၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း (I-KBZ Insurance) ၏ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။ 

၂၀၀၈ ခုနှစ်တွင် ဒေါ်နန်းခမ်းနောင့်သည် နိုင်ငံတကာမှ ပေးအပ်သည့် "အကောင်းဆုံး လူမှုရေးအသင်း အဖွဲ့ဆု" များစွာ ရရှိခဲ့သည့် "ကမ္ဘောဇအုပ်စု အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း" (ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအုပ်စု၏ ပရဟိတ လူမှုအကျိုးပြု အဖွဲ့အစည်း) ကို ပူးတွဲ တည်ထောင်ခဲ့သည်။ ယခုအခါ အဆိုပါဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံနေရာအနှံ့ အပြား တွင်လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများစွာကို အထိရောက်ဆုံး နှင့် အအောင်မြင်ဆုံး ဦးစီးဆောင်ရွက်လျှက်ရှိသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။ 

ကမ္ဘောဇ၏ မိသားစုဝင်တစ်ဦး အနေဖြင့် ဒေါ်နန်းခမ်းနောင့် သည် မိသားစု၏ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် စီးပွားရေး အခွင့်အလမ်းသစ်များစွာကို တာဝန်ယူ လုပ်ကိုင်လျက်ရှိသည်။  ထို့အပြင် KBZ Women's Initiatives ၏ ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ i3 Lab ၏ ပူးတွဲ တည်ထောင်သူတစ်ဦး အဖြစ် လည်းကောင်း (KBZ’s Business Incubator)၊ မြန်မာအမျိုးသမီး စွမ်းဆောင်ရှင်များအသင်း၌ အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်လျက်ရှိသည်။ 

ဦးညို မြင့်

ဦးညိုမြင့်

အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ- KBZSC

 ကမ္ဘောဇအုပ်စုတွင် (၁၁)နှစ်ကျော် အတွေ့အကြုံရှိ တာဝန် ထမ်းဆောင်နေပြီးဖြစ်သော ကမ္ဘောဇအုပ်စု၏ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးဖြစ်သူ ဦးညို မြင့်သည် ကမ္ဘောဇ၏ အချက်အချာကျသည့် စီးပွားရေးလုပ်ငန်းများတွင် အဓိက ဦးဆောင်သူ တစ်ဦး ဖြစ်သည်။ 

ဦးညို မြင့်သည် ကမ္ဘောဇအုပ်စု၌ တာဝန်မယူမီ မြန်မာနိုင်ငံ၊ ဗဟိုဘဏ်၏ ဒါရိုက်တာတစ်ဦးအနေဖြင့် တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဦးညို မြင့်သည် ကမ္ဘောဇအုပ်စု ပိုမိုကြီးမားကျယ်ပျံ့ လာစေရန်အတွက် စီးပွားရေးနည်းဗျူဟာများ ချမှတ်ခြင်း၊ ကမ္ဘောဇ၏ စီးပွားရေးလုပ်ငန်း သစ်များအား ကဏ္ဍအသီးသီး၌ ခေတ်မီဖွံ့ဖြိုး တိုးတက်အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် စီမံခန့်ခွဲခြင်း၊ အစုရှယ်ယာရှင်များ၊ နိုင်ငံတကာရှိ ကုမ္ပဏီများနှင့် နိုင်ငံခြား ဘဏ်များ၊ ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက် ရာတွင် အဓိကနေရာမှပါဝင်ခြင်း စသည်တို့အား ထိရောက်စွာ ဆောင်ရွက်လျှက်ရှိပါသည်။  

ထို့ပြင် ကမ္ဘောဇ၏ ကောင်းမွန်သော အစဉ်အလာနှင့် ကျော်ကြားသော အမှတ်တံဆိပ်ကို ရေရှည်ထူထောင်ထားနိုင်ရန် အတွက် အုပ်ချုပ်မှုဒါရိုက်တာများ၏ကိုယ်စား လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှု၏ အနှစ်သာရကို အစဉ်ဖော်ဆောင်နိုင်ရန်လည်း ဆောင်ရွက်လျှက်ရှိသည်။

ဦးညိုမြင့်သည် ကမ္ဘောဇ၏ စီးပွားရေးလက်ရုံးတစ်ခုအဖြစ် အာမခံလုပ်ငန်းကို ၂၀၁၁ ခုနှစ်တွင် စတင် ဖွင့်လှစ်နိုင်ခဲ့ပြီး၊ အပြည်ပြည် ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ၀န်ဆောင်မှုအ ကောင်းဆုံးအပြည်ပြည်ဆိုင်ရာ အာမခံလုပ်ငန်းတစ်ခု ဖြစ်လာသည်။ ထို့ပြင် ဦးညိုမြင့်သည် အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း (MAI)၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူလျက် ရှိသည်။

Rudi Rolles

Rudi Rolles

အုပ်ချုပ်မှုဒါရိုက်တာ - KBZSC

Mr. Rolles သည် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းနယ်ပယ်နှင့် ပတ်သက်၍ အာရှနိုင်ငံများ၌သာမက အမေရိကန်စတော့ရှယ်ယာဈေးကွက် တွင်လည်း အနှစ်(၃၀)ကျော် အတွေ့အကြုံကောင်းများ ရှိခဲ့သူဖြစ်ပြီး၊ စတော့ရှယ်ယာဈေးကွက်နှင့် စပ်လျဉ်းသည့် ရင်းနှီးမြုပ်နှုံမှုဆိုင်ရာ စာချုပ် စာတမ်းများတွင်လည်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ 

Mr. Rolles သည် ၁၉၄၈ ခုနှစ်တွင် ငွေကြေးဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် Luxembourg မြို့ရှိ Merrill Lynch တွင် ၄င်း၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းဖြင့် သက်မွေးဝမ်းကြောင်းမှုကို စတင်ခဲ့ပြီး၊ငွေကြေး ကြွယ်ဝသူများနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများစွာတို့ကို အကြံပေးနိုင်ခဲ့သည်။

Mr. Rolles သည် ပုံသေအတိုးနှုန်း ခံစားခွင့်မရှိပဲ အမြတ်ဝေစုသာ ခံစားခွင့်ရှိသည့် သာမန်စတော့ရှယ်ယာများရောင်းဝယ်ခြင်း (Equities)၊ လူသုံးကုန်ပစ္စည်းများဆိုင်ရာ စတော့ရှယ်ယာများ (Commodities)၊ ငွေချေး ဆိုင်ရာစာချုပ်စာတမ်းများ (Bonds)၊ သတ်မှတ်နေ့ရက်တွင် သတ်မှတ်ဈေး ဖြင့် ပိုင်ဆိုင်မှုကို ရွေးချယ်ရောင်းချပိုင်ခွင့်ရှိသော စာချုပ်စာတမ်းများ ပြုစုခြင်း (Options)၊ လတ်တလောရှိ Exchange Rates,  Interest Rates များအပေါ် မူတည်ပြီး ပိုင်ဆိုင်မှုများ၏ တန်ဘိုးအာမခံ (Derivatives)၊ တိုင်းထွာတွက် ချက်ခြင်းများတို့တွင် ကျွမ်းကျင်သူဖြစ်၏။

၎င်းနောက် Mr. Rolles သည် စကာင်္ပူနိုင်ငံရှိ Bank International Luxembourg Asia ၏ Private Banking Department ၌ ဦးစီးဆောင်ရွက်ရန်အတွက် ပြောင်းရွှေ့ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင်မူ Global Head of Sales Trading and Dealing အဖြစ် Asian Securities Sales အတွက် ကမ္ဘာအနှံရှိ SocGen Group အတွက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။

လွန်ခဲ့သော ၁၅ နှစ်အတွင်း စင်္ကာပူအာမခံကုမ္ပဏီများ၌ လုပ်ကိုင်ခဲ့ပြီး၊ ၄င်း၏ အဓိကထားရာ စတော့ဈေးကွက်ဆိုင်ရာ ဘဏ္ဍာရေး လုပ်ငန်းများသည်  စင်္ကာပူနိုင်ငံ၌သာမက၊ အခြား အာရှစတော့ ဈေးကွက်များ၌ပါ ရှိခဲ့သည်။ စင်္ကာပူစတော့ဈေးကွက်တွင်  လက်ရှိအစု ရှယ်ယာရှင်များအား ၀ယ်ယူခွင့်ပေး၍ အစုရှယ်ယာအသစ်များထုတ်ဝေ ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ကုမ္ပဏီ၏ ရှယ်ယာသစ်များကို အမြောက် အများ ၀ယ်ယူနိုင်မည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ရွေးချယ်၍ ၀ယ်ယူစေရန် ကမ်းလှမ်းပြီး ရောင်းချသည့်နည်းကို အသုံးပြုခြင်း၊ အခြား ဘဏ္ဍာရန်ပုံငွေများ တိုးပွားလာစေရန် နည်းလမ်းသစ်များကိုရှာဖွေခြင်း တို့အားလည်း လုပ်ဆောင်ခဲ့သည်။

Yap Yeong Keen

Yap Yeong Keen

Co-Head Equity Capital Markets

Mr. Yap သည် စကာင်္ပူနိုင်ငံရှိ Stirling Coleman Capital Limited ၏ အရှေ့တောင်အာရှ၊ မြောက်အာရှနှင့် သြစတေးရီးယား နိုင်ငံများ၊ အထူးသဖြင့် စကာင်္ပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ  ကုမ္ပဏီမတည်ရန် ရင်းနှီးမြုပ်နှံမှုဈေးကွက် (Equity Capital Markets)  နှင့် ပါတ်သက်သည့် (၁၀)နှစ်ကျော် အတွေ့အကြုံကောင်းများ ရှိထားသူတစ်ဦး ဖြစ်သည်။ Mr. Yapသည် IPOs (၆)ခု အပါအ၀င် အမေရိကန်ဒေါ်လာ (၂၈၀) မီလီယံ ငွေပမာဏရှိသည့် Capital Market Transactions (၂၀) ကျော်၌ စတော့ရှယ်ယာ စီမံခန့်ခွဲရောင်းချသော မန်နေဂျာတစ်ဦးအနေအဖြစ် ပြီးမြောက်အောင် တာဝန်ယူလုပ်ကိုင်ခဲ့သည်။ ထို့ပြင် ရင်းနှီးမြုပ်နှံမှုများ အား အထောက်အပံ့ဖြစ်စေသည့် လှုပ်ရှားဆောင်ရွက်မှုများကို စကာင်္ပူနှင့် သြစတေးရီးယားနိုင်ငံများရှိ Stock Exchange များ၏ တရားဝင်ပါရှိသာ ကုမ္ပဏီများအတွက် လုပ်ဆောင်ခဲ့သည်။ 

Mr.Yap သည်ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုများဖြစ်သည့် စီးပွားရေးနှင့် ပိုင်ဆိုင်မှုအမျိုးမျိုး လွှဲပြောင်းရယူခြင်း၊ လုပ်ငန်း ဖျက်သိမ်းခြင်း၊ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းအသွင်သို့ ကူးပြောင်းခြင်းများတွင် ထိရောက်သော အကြံဥာဏ်များစွာကို ပေးနိုင်သည့် ဗဟုသုတနှင့် အတွေ့အကြုံများ ပိုင်ဆိုင်သူတစ်ဦး ဖြစ်သည်။ Mr. Yapသည် Stirling Coleman မတိုင်မီ Singapore Telecommunications Limited ၏ Corporate Business Division ၌် ဘဏ္ဍာရေးမန်နေဂျာ (ဒု-ဥက္ကဋ္ဌ) အဖြစ်လည်းကောင်း၊ Assurance in KPMG Singapore တွင် လက်ထောက်မန်နေဂျာအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။

Ang Lian Kiat

Ang Lian Kiat

Co-Head Equity Capital Markets

Mr. Ang သည်  Stirling Coleman Capital Limited, Singapore ၌ ကုမ္ပဏီမတည်ရန် ရင်းနှီးမြုပ်နှံမှု ဈေးကွက်(Equity Capital Markets) နှင့် ပါတ်သက်သည့် ၁၀နှစ်ကျော် လုပ်ငန်း အတွေ့အကြုံ ရှိသူ တစ်ဦး ဖြစ်သည်။ Mr. Ang သည် ငွေကြေးဆိုင်ရာ အထောက်အထားများအား ရင်းနှီးမြုပ်နှံသူသို့ ပေးအပ်ရာတွင် ကိုက်ညီမှုရှိမရှိ လိုအပ်သည်များ စစ်ဆေးပေးခြင်း (Origination) နှင့် ကုမ္ပဏီ၏စတော့များကို ပထမအကြိမ်အဖြစ် အများ ပြည်သူသို့ ထုတ်ရောင်းခြင်းအတွက် စီမံခန့်ခွဲခြင်းတို့အပြင်၊ ကုမ္ပဏီ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အခြားကုမ္ပဏီ၏ အစုရှယ်ယာများကို ၀ယ်ယူခြင်း (Mergers & Acquisitions) တို့ကို တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ကျယ်ပျံ့စွာ လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။ Mr. Ang သည်  IPOs (၅) ခု အပါအ၀င် အမေရိကန် ဒေါ်လာ (၁၆၀) မီလီယံကျော် ငွေပမာဏရှိသည့်ကုမ္ပဏီ မတည်ရန် ဈေးကွက်အတွက် အကာင်အထည် ဖော်ဆာင်ပေးခြင်း (Equity Capital  Markets Transactions) ကို တာဝန်ယူလုပ်ကိုင်ခဲ့သည်။ စတော့ရှယ်ယာ ရောင်းချသော ကုမ္ပဏီ၏ အကြံပေးသူအနေဖြင့် ကုမ္ပဏီ(၃)ခုအတွက် ကုမ္ပဏီအချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊ အစုရှယ်ယာများကို ၀ယ်ယူခြင်း၊ M&A (Mergers & Acquisitions) တို့ကို စီစဉ်ဆောင်ရွက်ခြင်းနှင့် စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၀) မီလီယံနီးပါးအထိ ဘဏ္ဍာငွေ ရှာဖွေနိုင်ခဲ့သည့်အပြင်၊  စကာင်္ပူနိုင်ငံရှိ Stock Exchange မှ တရားဝင် အသိအမှတ်ပြု ကုမ္ပဏီများအတွက် ဘဏ္ဍာငွေ ရှာဖွေပေးနိုင်ခဲ့သည်။

Mr. Ang သည်  ဘဏ္ဍာရေးဈေးကွက်နှင့် ပတ်သက်၍ ဗဟုသုတ ကောင်းများစွာ ပြည့်ဝသူတစ်ဦး ဖြစ်ပြီး၊ နိုင်ငံတကာ အတွေ့ကြုံကောင်းများ ရှိသူတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် ပြည်ပနိုင်ငံများရှိ စတော့ဈေးကွက် အသိအမှတ်ပြုကုမ္ပဏီများနှင့် ပုဂ္ဂလိကကုမ္ပဏီများမှ ရရှိသော မတည် ရင်းနှီးငွေ (Private Equity Funds) များအတွက် အကြံပေးခဲ့သူတစ်ဦး ဖြစ်သည်။

Mr. Ang သည် Stirling Coleman မတိုင်မီ Transaction Services in Deloitte Singapore ၌ Senior Associate အဖြစ် လည်းကောင်း၊ Audit Senior အဖြစ် Assurance in KPMG Singapore တွင် လည်းကောင်း လုပ်ကိုင်ခဲ့သည်။