ကမ္ဘောဇ Stirling Coleman နှင့်မိတ်ဆက်ပေးခြင်း
KBZSCသည် ကမ္ဘောဇအုပ်စုနှင့် Stirling Coleman Holdings တို့ ဖက်စပ်ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ရန်ကုန်စတော့ဈေးကွက် (Yangon Stock Exchange) နှင့် ပတ်သက်ပြီး ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများအတွက် ငွေကြေးသက်သေခံ သတ်မှတ်ပေးခြင်း (Underwriting)၊ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ (Dealing)၊ တစ်ဆင့်ကြားခံ ဆောင်ရွက်မှုများ (Broking) နှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အကြံပေးခြင်း (Investment Advisory) တို့ကို ပူးပေါင်းဖက်စပ် လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ၂၀၁၅ခု အောက်တိုဘာလ ၇ ရက်နေ့တွင် KBZSC သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုပ်ပေးသော ငွေကြေးသက်သေခံ လုပ်ငန်းလိုင်စင် (Underwriter License) ကို ရရှိခဲ့ပါသည်။
KBZ Bank
ကမ္ဘောဇဘဏ်သည် နိုင်ငံတကာမှ ပေးအပ်သော ဘဏ်လုပ်ငန်းဆိုင်ရာ ဆုများစွာကို ရယူထားသည့် မြန်မာနိုင်ငံ၌ ဘဏ္ဍာရေးဈေးကွက်ကို ဦးဆောင်နေသော ဘဏ်တစ်ခုဖြစ်ပြီး၊ ရန်ကုန် စတော့ဈေးကွက် (Yangon Stock Exchange) အတွက် မြန်မာ နိုင်ငံ၏ ပထမဦးဆုံးသော ဘဏ်အချင်းချင်း စာရင်းရှင်းလင်းရေး အဖွဲ့ဝင်ဘဏ် (Clearing Bank) တစ်ခုလည်း ဖြစ်ပါသည်။
Stirling Coleman
Stirling Coleman’s expertise in Corporate Finance
- ကုမ္ပဏီမတည်ရန် ရင်းနှီးမြုပ်နှံမှုဈေးကွက် (Equity Capital Markets) များတွင် ၁၄ နှစ်ကျော် အတွေ့အကြုံ ရှိခြင်း။
Experience in dealing with emerging markets in Asia
- ၂၀၀၀ပြည့်နှစ် စောစောပိုင်းက စင်္ကာပူနိုင်ငံတွင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီများ၏ စတော့များကို ပထမဦးဆုံး အကြိမ်အဖြစ် အများပြည်သူသို့ ထုတ်လုပ် ရောင်းချရာတွင် တရားဝင်ပါဝင်နိုင်ရန်အတွက် စီမံခန့်ခွဲနိုင်သော (IPO- initial public offering) ကုမ္ပဏီများအနက် ပထမဆုံး ကုမ္ပဏီဖြစ်ခြင်း။
- စင်္ကာပူစတော့ ဈေးကွက် (Singapore Stock Exchange) တွင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ(၂၂)ခု၏ စတော့ရှယ်ယာများအား ပါဝင်ရောင်းချနိုင်ရန် (Listed) စီမံခန့်ခွဲနိုင်ခြင်း။
Track record in IPO
- (၉) နှစ်အတွင်း ကုမ္ပဏီ (၂၈) ခုကို IPO ကုမ္ပဏီအဖြစ် အောင်မြင်စွာ စီမံခန့်ခွဲပေးနိုင်ခဲ့ခြင်း။
- ၂၀၀၅ ခုနှစ်တွင် စင်္ကာပူနိုင်ငံရှိ တရုတ်နိုင်ငံပိုင် IPO (Initial Public Offering) ကုမ္ပဏီများ၏ စတော့များကို အကောင်းဆုံး စီမံခန့်ခွဲရေးကုမ္ပဏီအဖြစ် အဆင့်တစ်နေရာမှ သတ်မှတ်ခံခဲ့ရခြင်း၊ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တွင်လည်း စတုတ္ထအဆင့်နေရာများ ရရှိခဲ့ခြင်း။
- IPO ကုမ္ပဏီများအတွက် အမေရိကန်ဒေါ်လာ (၉၄၆) မီလီယံကျော်တန်ဘိုးရှိ စတော့ရှယ်ယာများကို ရောင်းချနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ်ရောင်းချမှုအနေဖြင့် (၄၃၅) မီလီယံကျော်တန်ဘိုးရှိ စတော့ရှယ်ယာများကို ရောင်းချနိုင်ခဲ့ခြင်း။
Stirling Coleman’s Credentials
- စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS- Monetary Authority of Singapore) ၏ အသိအမှတ်ပြု လိုင်စင်ရရှိထားသော IPO (Initial Public Offering) စီမံခန့်ခွဲရေးကုမ္ပဏီအဖြစ် တရားဝင်မှတ်ပုံတင်ခွင့် ရရှိခဲ့ခြင်း၊ စတော့ဈေးကွက်တွင် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများအတွက် တောင်းခံကြေး သတ်မှတ်ပေးနိုင်သည့် ကုမ္ပဏီ (Underwriter) ဖြစ်ခြင်း ၊ စင်္ကာပူစတော့ဈေးကွက် (Singapore Stock Exchange)တွင် တရားဝင်အသိအမှတ်ပြုပြီးသော ကုမ္ပဏီများ အတွက် ရှယ်ယာအသစ်များကို ၀ယ်ယူနိုင်မည့်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား ရွေးချယ်ကမ်းလှမ်းပေးသည့် ကိုယ်စားလှယ် (Placement Agent) ဖြစ်ခြင်း။
- စင်္ကာပူနိုင်ငံရှိ အသိအမှတ်ပြု ကုမ္ပဏီများအတွက် ဘဏ္ဍာရေးအကြံပေး (Financial Adviser) အဖြစ် ဆောင်ရွက်နိုင်ခွင့်နှင့် မည်သည့်နိုင်ငံမှ ကုမ္ပဏီမဆို အကြံပေးနိုင်သည့် (Independent Adviser) အဖြစ် ဆောင်ရွက်နိုင်ခွင့်ကို စင်္ကာပူငွေကြေး အာဏာပိုင်အဖွဲ့ (MAS; Monetary Authority of Singapore) မှ လိုင်စင်ရရှိထားခြင်း။