Services offered

KBZSC ငွေကြေးသက်သေခံလုပ်ငန်းသည် ကုမ္ပဏီများ၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်  စတော့-ရှယ်ယာ ငွေချေးစာချုပ်များ၊ ရင်းနှီးမြုပ်နှမှုံစာချုပ်စာ တမ်းများ အစရှိသည့် လုပ်ငန်းများအား ထဲထဲဝင်ဝင် လုပ်ဆောင်ခြင်း၊ ကုမ္ပဏီများ၏ စတော့များကို ပထမဆုံးအကြိမ်အဖြစ် အများ ပြည်သူသို့ ထုတ်ရောင်းချမှု  IPO (Initial Public Offering) အတွက် ကြားခံဆောင်ရွက်ပေးခြင်း  (Stock Broking Services)၊ ကုမ္ပဏီ၏ ရှယ်ယာ အသစ်များကို အမြောက်အများ ၀ယ်ယူနိုင်မည့် ပုဂ္ဂိုလ်များ အဖွဲ့အစည်းများသို့ ရွေးချယ်၍ ၀ယ်ယူစေရန် ကမ်းလှမ်းပြီး ရောင်းချပေးခြင်း (Share Placements)၊ ကုမ္ပဏီမှ အများပြည်သူသို့ ပထမဆုံးအကြိမ် အစုရှယ်ယာရောင်းချပြီးနောက်၊ ဈေးကွက်ပေါ်မူတည်၍ နောက်ထပ်တစ်ကြိမ် ရှယ်ယာများ ထပ်မံရောင်းချခြင်း (Follow-On Share Issues) စသည်တို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

  1. ကုမ္ပဏီ၏ စတော့များကို ပထမဆုံးအကြိမ်အဖြစ် အများပြည်သူများသို့ ထုတ်ရောင်းချခြင်း၊ 
  2. ကုမ္ပဏီအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အခြားကုမ္ပဏီ၏ အစုရှယ်ယာများကို ၀ယ်ယူခြင်း၊ 
  3. ဘဏ္ဍာရေးအကြံပေးလုပ်ငန်းများနှင့် အကြံဥာဏ်ရယူခြင်းလုပ်ငန်းများ လုပ်ဆောင်ခြင်း၊